Local News

အသစ်ပေါ်သည့် ပဲတီစိမ်း(အညာစ)တရုတ်ဝယ်လက်မှဝယ်ယူမှုရှိ၍ ဈေးကောင်းရနေ

Last Updated:

အသစ်ပေါ်သည့် ပဲတီစိမ်း(အညာစ)တရုတ်ဝယ်လက်မှဝယ်ယူမှုရှိ၍ ဈေးကောင်းရနေ

မေလပထမဆုံးပတ် မန္တလေးကုန်စည်ဒိုင်သို့ မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ ကူမဲ၊ သဲတောနယ်ဘက်မှ မိုးလွတ် အရည်အသွေးကောင်း ပဲတီစိမ်း (အညာစ) အသစ်များဝင်ရောက်လျှက် ရှိ၍ ရန်ကုန် ဝယ်လက်နှင့်တရုတ်ဝယ်လက်မှဝယ်ယူမှုရှိနေပြီး ဈေးကောင်းရနေကြောင်း သိရသည်။ ပဲတီစိမ်း သုံးတင်း တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ မှ ၃၃၀၀၀ ထိ ဈေးမြင့်တက်လာခဲ့သည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင်   သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၁၄၈၀၀၀ မှ ၁၅၀၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ်ကျပ် ၁၂၂၀၀၀ မှ ၁၂၇၀၀၀၊ ယခင်လကျပ် ၁၁၅၀၀၀ မှ ၁၂၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၁၀၀၀ မှ ၂၈၀၀၀၊ ယခင်လထက် ကျပ် ၃၀၀၀၀မှ ၃၃၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန                                                                                                          

Category: Local News